Navigation - link to other main sections from here


မိုဘိုင်းလ်ဖုန်း ဆိုင်များ CDMA 800MHz ဖုန်း ကြိုတင် ငွေဖြည့် ကတ်များ ရောင်းချရန် စိတ်ဝင်စားမှု နည်း


မန္တလေးမြို့တွင် မိုဘိုင်းလ်ဖုန်းဆိုင် အများစုမှာ CDMA 800MHz ဖုန်း ကြိုတင် ငွေဖြည့် ကတ်များ ရောင်းချခြင်း အပေါ် စိတ်ဝင် စားမှု နည်းပါးပြီး ရံဖန် ရံခါသာ ရောင်းချမှု ရှိကြောင်း သိရသည်။ CDMA 800MHz ဖုန်း ကြိုတင် ငွေဖြည့် ကတ်များမှာ ရောင်းချရန် အမြတ်ငွေ နည်းပါးခြင်း၊ ကတ်ကို ခဲမခြစ်ပဲ ထားပါက သက်တမ်း ကုန်ဆုံးရက် ရှိခြင်း တို့ကြောင့် မိုဘိုင်းလ်ဖုန်းဆိုင် အများစုမှာ အဆိုပါ ငွေဖြည့် ကတ်များ ရောင်းချမှု အပေါ် စိတ်ဝင် စားမှု နည်းပါးခြင်း ဖြစ်သည်ဟု မိုဘိုင်းလ်ဖုန်း ကျွမ်းကျင်သူ တစ်ဦးမှ သုံးသပ် ပြောကြား သည်။ မန္တလေးရှိ မိုဘိုင်းလ်ဖုန်းဆိုင် အချို့မှာ CDMA 800MHz ငွေဖြည့် ကတ်များ ရောင်းချခြင်း လုံးဝ မပြုလုပ်ပဲ အချို့ ဆိုင်များ တွင် တစ်သောင်းတန် ငွေဖြည့် ကတ်ကို တစ်သောင်း ငါးရာ၊ သုံးသောင်းတန် အတွက် သုံးသောင်း တစ်ထောင်၊ ငါးသောင်းတန် အတွက် ငါးသောင်း နှစ်ထောင်ကျပ် ဖြင့် ရောင်းချလျက် ရှိကြောင်း သိရသည်။

“ဆိုင်မှာတော့ CDMA 800MHz အတွက် ကြိုတင် ငွေဖြည့် ကတ်တွေ မရောင်းပါဘူး။ ၀ယ်ချင်တဲ့ သူတွေ ကိုတော့ အီလိုက်ကိုပဲ ညွှန်ပေး လိုက်တယ်။ ဒီကတ်တွေက အရင်းများပြီး အမြတ် နည်းတယ်လေ။ တစ်သောင်းတန် ကတ်ကို ငါးရာလောက် ယူတာကိုပဲ Customer ဘက်က ဒီဆိုင်က အမြတ်ယူ တယ်ပေါ့။ အခြား ဖုန်းဟန်းဆက်တွေ ကိုလည်း ဒီလိုပဲ အမြတ်တင် ရောင်းမှာပဲ ဆိုပြီး ထင်စရာ ရှိတယ်လေ” ဟု မိုဘိုင်းလ်ဖုန်း ဆိုင်တစ်ခုမှ ပြောသည်။ “ကျွန်တော်တို့ ဆိုင်မှာတော့ ဖုန်းဟန်းဆက် ၀ယ်ယူသူ တွေက CDMA 800MHz ငွေဖြည့်ကတ် ၀ယ်ချင်တယ် ဆိုရင်တော့ အရင်း အတိုင်းပဲ အမြတ် မယူပဲ ပြန်ရောင်းပေး ပါတယ်။ Customer ကို Service ပေးတဲ့ သဘော မျိုးပါ။ ကတ်ပဲ သီးသန့် ၀ယ်သူတွေ ကိုပဲ ဈေးနည်းနည်း တင်ပြီး ပြန်ရောင်း ဖြစ်ပါတယ်။ တစ်သောင်းတန် ကတ်ကို အများဆုံး ရောင်းဖြစ်ပြီး သုံးသောင်းတန် ကတ်နဲ့ ငါးသောင်းတန် ကတ်ကိုတော့ သိပ် မရောင်း ဖြစ်ဘူး။ ၀ယ်သူ မရှိသေးရင် ငွေအကြာကြီး မြုပ်နေနိုင် တယ်လေ။ အီလိုက် မှာလည်း အလွယ်တကူ ၀ယ်လို့ ရနေတော့ သိပ်တော့ မရောင်းရဘူး။ ရုံးပိတ်ရက်တွေ လောက်ပဲ ရောင်းရတယ်” ဟု CDMA 800MHz ဖုန်း ငွေဖြည့် ကတ်များ ရောင်းချ နေသော ဖုန်းဆိုင် တစ်ခုမှရှင်း ပြကြောင်း အင်တာနက်ဂျာနယ်တွင် ဖော်ပြထားသည်။


၃၁ . ၅ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats