Navigation - link to other main sections from here


တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ လစဉ် သတင်းလွှာ စာစောင် ထုတ်ဝေ


နှစ်ပေါင်း ၂၂ နှစ် ကျော်ကြာ တရားဝင် ပါတီ အဖြစ် ရပ်တည် ခဲ့သော တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီသည် လစဉ် တိုင်းရင်းသား သတင်းလွှာကို ပုံမှန် ထုတ်ဝေနေပြီး ၂ဝ၁ဝ၊ မေလအတွက် စာစောင် ထုတ်ဝေလာချိန်ထိ စောင်ရေ (၃ဝဝဝဝ) ကို လစဉ် ပုံမှန် ထုတ်ဝေ နေကြောင်း ပါတီ ပြောခွင့်ရသူ ဦးဟန်ရွှေမှ ပြောဆိုသည်။ ၂ဝ၁ဝ မေလထုတ် သတင်းလွှာတွင် မျက်နှာဖုံး၌ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ဥက္ကဋ္ဌ ဦးထွန်းရီ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီး နှင့် တွေ့ဆုံသည့် ပုံကို ဖော်ပြ ထားပြီး၊ အတွင်း စာမျက်နှာ များတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၏ (၂၁) နှစ်မြောက် အခမ်း အနား များကို နယ်မြို့များ၌ ကျင်းပ နေသည့် ဓါတ်ပုံ များကို ဖော်ပြ ထားသည်။ ရန်ကုန်တိုင်း နှင့် မန္တလေးတိုင်း အတွင်းရှိ မြို့နယ် အချို့တွင်လည်း ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် စည်းရုံး လှုပ်ရှား နေသည့် သတင်း နှင့် ဓါတ်ပုံများ ကိုလည်း ဖော်ပြ ထားသည်ကို တွေ့ရ ပေသည်။ တိုင်းရင်းသား သတင်းလွှာတွင် စာမျက်နှာ (၈) မျက်နှာ ပါရှိပြီး မျက်နှာဖုံး နှင့် နောက်ဖုံးကိုသာ (၄) ရောင်ဖြင့် ရိုက်နှိပ် ထားပြီး ကျန်စာမျက်နှာ များမှာ အဖြူအမည်း စာမျက်နှာများ ဖြစ်သည်။ ၂ဝ၁ဝ မေလ အတွက် ထုတ်ဝေသည့် တိုင်းရင်းသား သတင်းလွှာမှာ အတွဲ (၂၂) ၊ အမှတ်(၅) ဖြင့် ထုတ်ဝေလာကြောင်း လျှပ်တစ်ပြက် ဂျာနယ်တွင် ဖော်ပြထားသည်။


၂၉ . ၅ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats