Navigation - link to other main sections from here


မင်္ဂလာဈေး အနီးရှိ ဆိုင်ခန်း အဌား ဈေးနှုန်းများ ထက်ဝက်ကျော် မြင့်တက်


မင်္ဂလာဈေး မီးလောင်မှု ဖြစ်ပွား ပြီးနောက် အနီးရှိ ဆိုင်ခန်း အဌား ဈေးနှုန်းများ ထက်ဝက် ကျော် မြင့်တက် သွားကြောင်း သိရသည်။ ယခင်က မင်္ဂလာဈေး အနီးရှိ ဆိုင်ခန်းများ ဈေးနှုန်း များမှာ တစ်လလျှင် တစ်သိန်း နှစ်သောင်း ခန့်သာ ရှိပြီး ယခု အချိန်တွင် တစ်လလျှင် ကျပ် နှစ်သိန်း ခွဲခန့် အထိ မြင့်တက် သွားကြောင်း သိရသည်။ “ ကျွန်မက မင်္ဂလာဈေး တတိယ ထပ်မှာ စားသောက်ကုန် ပစ္စည်း ဆိုင်ဖွင့် တာပါ။ မီးလောင်တဲ့ အထဲမှာ တော့ ပါမသွားဘူး။ ဈေးက ပြုပြင်မယ် ဆိုတော့ အပြင်မှာ ဆိုင်ခန်း ဌားဖို့ စုံစမ်းတော့ တစ်လကို သုံးသိန်းလောက် ရှိတယ် ပြောတယ်။ ဒါက ဈေးကွက် အနေ အထား ပြောင်းလဲသွား တာပါ။ အခု ကြားတာက ပလာဇာ အပေါ်ထပ်၊ လေးထပ် နဲ့ ငါးထပ်မှာ တစ်ခန်းကို သုံးသိန်းလောက်နဲ့ ဌားပေးတယ် ကြားလို့ သွားစုံစမ်းတော့ ဆိုင်ခန်း မရှိတော့ဘူး။” ဟု မင်္ဂလာဈေး တတိယထပ် စားသောက်ကုန် ဆိုင်ရှင် တစ်ဦးက ပြောသည်။

ယင်းသို့ မင်္ဂလာဈေး ပတ်ဝန်း ကျင်တွင် ဆိုင်ခန်း အဌား ဈေးနှုန်းများ အဆ မတန် မြင့်တက်ခဲ့ သော်လည်း ဆိုင်ခန်း ဌားမည့် သူများ ရှားပါး နေကြောင်း သိရသည်။ “တချို့ ဆိုင်ရှင်တွေ ကတော့ အနီး အနားက အိမ်တွေမှာ ဌားပြီး ဆိုင်ပြန် ဖွင့်ဖို့ လုပ်နေ ကြတယ်။ ဈေးကတော့ သိတဲ့ အတိုင်းပဲ တောင်းဈေး ပေါ့။ မဌားလို့ကလဲ တခြားေ နရာဆိုတာ မသေချာဘူး။ ဒါကြောင့် ရှိတဲ့ နေရာကိုပဲ တောင်းတဲ့ ဈေးပေးပြီး ဌားရတယ် ” ဟု မင်္ဂလာဈေးရှိ ဆေးဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။ အဆိုပါ ဆိုင်ခန်းရှင်များ အနေဖြင့် ဆိုင်ခန်း ဌားသူများအား အနည်းဆုံး ခြောက်လ စာချုပ် ဖြင့်သာ ဌားရမ်းကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထား ပါသည်။


၁ . ၆ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats