
ဒဂုံ တက္ကသိုလ် အပြင် အခြား သော ဝိဇ္ဇာ၊ သိပံ္ပ တက္ကသိုလ်များတွင် ကျောင်းအပ် ကြသည့် အဝေးသင် ကျောင်းသား၊ ကျောင်းသူ များလည်း ဖုန်းနံပါတ် ထည့်သွင်း ပေးရ သည်ဟု ရန်ကုန်မြို့ရှိ အဝေးသင် တက္ကသိုလ်ေ ကျာင်းသား၊ ကျောင်းသူ များ ထံမှ စုံစမ်း သိရှိ ရသည်။ ''ကိုယ်ပိုင်ဖုန်း မရှိဘူး လို့ပြောတော့၊ အိမ်နားမှာ ရှိတဲ့ ဖုန်းနံပါတ် ရေးပေးဖို့ ပြောတယ်။ ညွှန်ကြားချက် ရှိလို့ ရေးခိုင်း တာလို့ပြောတယ်'' ဟု ဒဂုံ တက္ကသိုလ် အဝေးသင် ဌာနခွဲမှ တတိယနှစ် အင်္ဂလိပ်စာ အထူးပြု ကျောင်းသူ တစ်ဦးက ပြောကြား သည်။
ဒဂုံ တက္ကသိုလ် မှ တာဝန်ရှိသူ တစ်ဦးကမူ ယင်းကဲ့သို့ ကျောင်းသား၊ ကျောင်းသူ များကို ကျောင်းအပ် ရာတွင် ဆက်သွယ် ရမည့် ဖုန်းနံပါတ်များ ထည့်သွင်းခိုင်း ခြင်းသည် အဝေးသင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အနီးကပ် သင်တန်း တက်နေစဉ် နှင့် စာမေးပွဲ ဖြေဆို နေစဉ် ကာလ အတွင်း ပြဿနာ တစ်စုံ တစ်ရာ ပေါ်ပေါက် လာပါက မိဘ အုပ်ထိန်း သူထံ ဆက်သွယ် နိုင်ရန် ဖြစ်သည်ဟု ဆိုသည်။
''လိပ်စာက လိုက်ရတာ မလွယ်ဘူး။ ဖုန်းနံပါတ်က မြန်မြန် ဆန်ဆန်နဲ့ အချိန်တို အတွင်း မှာ ဆက်သွယ် နိုင်တယ်''ဟု အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။ မြန်မာ နိုင်ငံ တစ်ဝန်း လုံးတွင် အဝေးသင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ သိန်းချီ ရှိသည် ဟု ပညာရေး ဝန်ထမ်း အသိုင်း အဝိုင်း ထံမှ စုံစမ်း သိရှိ ရသည်။
၉ . ၄ . ၂၀၁၀
|

0 comments:
Post a Comment