Navigation - link to other main sections from here


အိပ်ခ်ျအိုင်ဗီ တိုက်ဖျက်ရေး အတွက် လူငယ်လေး များအား ဦးတည် အုပ်စု အဖြစ် ဆောင်ရွက်လာ


လူငယ် အများ စုမှ အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ရောဂါ ဖြစ်ပွားနှုန်း မြင့်မား လာသောကြောင့် လူငယ် အများ စုအား အဓိက ထားကာ အသိပညာပေး လုပ်ငန်းများ ပိုမို လုပ်ဆောင် နေရ ကြောင်း မြန်မာနိုင်ငံ ကြက်ခြေ နီအသင်း မှ အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် စီမံချက် အရာရှိ ဒေါက်တာ ဌေးဝင်းက ပြောသည်။ ယခင်က ကူးစက် လွယ်သည့် အုပ်စု ဖြစ်သော အဝေးပြေး ယာဉ်လုပ်သားများ အား ဦးတည် အုပ်စု အဖြစ် အဓိကထား ပညာပေး ဆောင်ရွက် ခဲ့ရာ အောင်မြင်မှု ရရှိခဲ့ပြီး ယခု အခါ အမြင့် မားဆုံးမှာ လူငယ်များ ဖြစ်သောကြောင့် ၎င်းအုပ်စု ကို လွန်ခဲ့သည့် နှစ်ကုန် ပိုင်းမှ စတင်ခါ ဦးတည် အုပ်စု အဖြစ် ဆောင်ရွက် ခဲ့ကြောင်း ၎င်းက ဆိုသည်။

"လူငယ် ထုကို အဓိက ဦးတည် တယ်။ အခု ခေတ်မှာ တော်တော် များများ လူငယ တွေက ကာရာအိုကေ တွေကို သွားကြတယ်။ အသောက် အစားတွေ ပါလာတယ်။ သောက်ပြီးရင် မူးလာ တော့ အပျော်ရှာ ကြတယ်။ မြန်မာနိုင်ငံ ကြက်ခြေနီ အနေနဲ့ အသက် ၁၅ -၂၄ နှစ်ကို လူငယ် အုပ်စုလို့ သတ်မှတ်ပြီး အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ကူးစက် ပုံကို ပြောပြတယ်။ ရှောင်နိုင်ရင်ရှောင် မရှောင် နိုင်ရင် ဆောင်ဆိုပြီး နည်းတွေ ပြသတယ်။ ကွန်ဒုံး တွေကို ဝေပေးတယ်" ဟု ဒေါက်တာ ဌေးဝင်းက ပြောသည်။ ဒုတိယ အုပ်စု အဖြစ် အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ရောဂါ ကူးစက် မှုနှင့် နှီးနွှယ်သည့် ခန္ဓာကိုယ်နှင့် ရင်း၍ ၀င်ငွေ ရှာသော အမျိုးသမီး အုပ်စုများအား ပညာပေး ဆောင်ရွက် သွားမည် ဖြစ်ပြီး တတိယ အုပ်စုမှာ လိင်တူ ဆက်ဆံ သည့် အုပ်စု ဖြစ်ကြောင်း ၎င်းက ပြောသည်။ "ဘယ်နိုင်ငံ ဘယ်လူ မျိုးမဆို အပျော် အပါးတော့ ရှိကြတယ်။ ရှာကြတယ်။ ရှာတဲ့ အခါမှာ မိန်းမ တွေရှိ နေဖို့ လိုတယ်။ လူငယ်မှ မဟုတ်ဘူး။ ကူးစက် လွယ်တဲ့ အမူ အကျင့် ရှိတဲ့ သူတိုင်း ကူးစက် ပါတယ်။ လူငယ် အများစု ကတော့ လက်တည့်စမ်း ချင်တယ်။ အမြင်သစ်၊ အတွေးသစ်ကို ရှာချင်တယ်။ အပျော် ရှာတဲ့ အခါ မှာလည်း ခန္ဓာကိုယ်နဲ့ ရင်းပြီး ၀င်ငွေ ရှာတဲ့ အမျိုးသမီး တွေဆီကို သွားမယ်။ ၎င်းတို့ ကလည်း ဖြစ်နိုင်ခြေများတဲ့ အုပ်စုထဲမှာ ပါတယ်"ဟု ဒေါက်တာ ဌေးဝင်းက ပြောသည်။

အဆိုပါ ပြည့်တန်ဆာ များအား စည်းရုံးသည့် အခါ ၎င်းတို့အား ချုပ်ကိုင်သည့် သူ့ကို ကြိုတင် အသိပေး စည်းရုံး ပြီး ၎င်းမှ တစ်ဆင့် ပြည်တန်ဆာ များအား အသိ ပညာပေး စည်းရုံး ရကြောင်း ၎င်းက ပြောသည်။ "ပြည့်တန်ဆာ တွေကို စည်းရုံးပြီး အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်ေ ရာဂါက ကြောက်စရာ ကောင်းတဲ့ ရောဂါ အဖြစ် ပြောပြတယ်။ မဖြစ် မနေ ကွန်ဒုံး သုံးစွဲဖို့ ပြောခိုင်းတယ်။ ပိုက်ဆံ ပိုပေးလည်း ကွန်ဒုံး သုံးအောင် စည်းရုံး ခိုင်းတယ်"ဟု ၎င်းက ပြောသည်။ ယခင်က ပညာပေး အဖွဲ့ အစည်း ၀န်ထမ်းများ အနေဖြင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် ရာနှုန်းပြည့် ထိရောက်မှု မရှိ ခဲ့ခြင်းကြောင့် အုပ်စုတူ၊ အသက် အရွယ်တူ၊ အကျင့် စရိုက်တူ၊ လုပ်ငန်းတူ၊ လိင်တူ များအား အချင်းချင်း ပညာပေးခြင်း များက ပိုမို ထိရောက်မှု ရှိကြောင်း ၎င်းက ဆိုသည်။ ပြည့်တန်ဆာများ၊ ယောက်ျားချင်း လိင်တူ ဆက်ဆံ မှုများ၊ အဝေးပြေးယာဉ် လုပ်သားများအား အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ရောဂါ ကူးစက်မှု လျော့ကျရေး အတွက် အဓိကထား လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

"ကျန်းမာရေး ပညာပေး ဆောင်ရွက်တာ တီဗီ၊ ဗီဒီယို တွေထဲမှာ အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ကြွယ်ဝ လာအောင် လုပ်ပေး ပါတယ်။ သွေးသွင်း ကုသတဲ့ နေရာ တိုင်းမှာ အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ကူးစက်မှု အတတ်နိုင်ဆုံး လျော့နည်း စေဖို့ အတွက် ပါပဲ" ဟု ၎င်းက ဆိုသည်။ မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့် နှစ်တွင် အိပ်ခ်ျအိုင်ဗီ ဖြစ်ပွားမှု ၁ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ရာမှာ ၂၀၀၅ ခုနှစ်တွင် ၁ ဒသမ ၃ ရာခိုင်နှုန်း လျော့က ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် သုည ဒသမ ၆၇ ရာခိုင်နှုန်း ထပ်မံ လျော့ကြ ခဲ့သည်။ ကမ္ဘာ့ပေါ်တွင် အိပ်ခ်ျအိုင်ဗီ ကူးစက် ခံထားရသူ ၆၄ သန်းမျှ ရှိနေပြီ ဖြစ်ပြီး ၁၅ နှစ်မှ ၂၄ နှစ်အတွင်း လူငယ်များတွင် အများဆုံး ဖြစ်ကြောင်း မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ အမှတ် (၂၃ ၊ အမှတ် ၄၅၉) တွင် ဖော်ပြ ထားသည်။


၂ . ၄ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats