Navigation - link to other main sections from here


ပုဂ္ဂလိက ကျောင်းများ တွင် နိုင်ငံခြားသား ဆရာ ခေါ်ယူ သင်ကြားခွင့် မရှိဟု သိရ


လာမည့် ကျောင်းဖွင့် ရာသီတွင် အစိုးရ ကျောင်းများ ကဲ့သို့ ဖွင့်လှစ်ခွင့် ပေးထားသော ပုဂ္ဂလိကကျောင်း များတွင် နိုင်ငံခြားသား ဆရာများ ခေါ်ယူ သင်ကြားခွင့် မရှိကြောင်း ပုဂ္ဂလိက ကျောင်း လုပ်ကိုင်ခွင့် ရရှိ ထားသူ များထံမှ စုံစမ်း သိရသည်။ နိုင်ငံ၌ ၁၀ စုနှစ် တစ်ခုကျော် ကာလမှ စတင်ကာ နိုင်ငံ တကာ ပုဂ္ဂလိက ကျောင်းများ ထွက်ပေါ် လာခဲ့ရာ နိုင်ငံခြားသား ဆရာ အမြောက် အမြားဖြင့် သင်ကြား ပေးခြင်းများ ထိုစဉ် ကပင် ရှိခဲ့သည်။ အဆိုပါ ကျောင်း များသို့ တက်ရောက အောင်မြင် ခဲ့ပြီး သူများမှာ အင်္ဂလိပ်စာ အရည် အသွေး တတ်မြောက် ကျွမ်းကျင ခဲ့ကြ သော်လည်း ကျောင်းပြီး ပါက နိုင်ငံမှ ဘွဲ့ရရှိရန် တက္ကသိုလ် တက်ရောက်ခွင့် မရှိကြောင်း သိရသည်။ '' အဓိက ကတော့ အခုလို Private School တွေမှာ နိုင်ငံခြားသား ဆရာ ခေါ်ယူခွင့် မပေးဘူး။ ပြီးတော့ မြန်မာ နိုင်ငံ မှာလည်း အထင်ကရ နာမည်ကြီး ဆရာတွေ အများကြီး ရှိ ကြပါတယ်''ဟု ပုဂ္ဂလိက ကျောင်းလုပ် ကိုင်ခွင့် ရရှိထားသူ ဆရာ ဦးသန်းစိန် (သင်္ချာ)က ပြောပြ ခဲ့ပါသည်။

ထို့ပြင် ပုဂ္ဂလိက ကျောင်းများ သည် အစိုးရ ကျောင်းများ၏ သင်ရိုး ညွှန်းတမ်းများ အတိုင်း သင်ကြား ရမည် ဖြစ်၍ နိုင်ငံခြားသား ဆရာမှာ လိုအပ်မည် မဟုတ်ဟု N-3 မှ စီမံရေးရာ နှင့် သင်ကြားမှု ဆိုင်ရာ တာဝန်ခံ ဆရာဦးဉာဏ်လွင် (ရူပဗေဒ) က ထင်မြင်ချက် ပေးခဲ့သည်။ ယခု ဇွန်လ ၁ ရက်နေ့ ဖွင့်ခွင့် ပြုထားသည့် ပုဂ္ဂလိက ကျောင်းများ ၌ လက်ရှိ ဆရာဦးရေ မှာ ၂၀ မှ ၃၀ ကြား ရှိကြကာ ရန်ကုန်မြို့ရှိ နာမည်ရ ဆရာများ အား ငှားရမ်းကာ သင်ကြား ပေးကြကြောင်း နှင့် လက်ရှိ ရှိနေ သည့် ကျောင်းသား ဦးရေ မှာလည်း ကျောင်း၏ နေရာ အကျယ်အ၀န်း ပေါ် လိုက်ကာ ၂၀၀ မှ ၁၀၀၀ ကြား ထိ ရှိကြသည်ဟု စုံစမ်း သိရသည်။

ယင်းတို့ ထဲတွင် ကျောင်းအိပ် ကျောင်းစား နှင့် နေ့စဉ် တက်ရောက် သူများ ပါဝင် ကြကြောင်း သိရသည်။ နိုင်ငံ တကာ တွင် ထားရှိသည့် ပုဂ္ဂလိက ကျောင်းများ ၏ ပညာရေး သည် ကိုယ်ပိုင် သင်ရိုး ညွှန်းတမ်း များ၊ ကိုယ်ပိုင် ကျောင်းဝတ် စုံများ၊ နိုင်ငံစုံမှ ဆရာများ ခေါ်ယူ ငှားရမ်းကာ သင်ကြားမှု ကဏ္ဍကို အဆင့်မြင့် စေရန်နှင့် နိုင်ငံ အသီးသီး မှ ယဉ်ကျေးမှု၊ ထိတွေ့ ဆက်ဆံမှု ဖလှယ် ရေးကို အဓိက ထားကာ တက္ကသိုလ် များတွင် လူမျိုးစုံ ရောက်ရှိရန် ဈေးကွက် ဖြန့်ကျက် မှုများဖြင့် ယနေ့အ ချိန်တွင် ခေတ်စာ နေကြသည်။ လက်ရှိ နိုင်ငံတကာ ပုဂ္ဂလိက သင်ကြားရေး ကျောင်းများ တွင် နိုင်ငံ ခြား ဆရာများ ငှားရမ်းပြီး မိမိတို့ ကိုယ်ပိုင် သင်ရိုး ညွှန်းတမ်းများ၊ ကိုယ်ပိုင် ကျောင်း ၀တ်စုံ များဖြင့် သင်ကြားလျက် ရှိကြရာ လူတန်းစား အလွှာ တစ်ရပ်သာ သီးသန့် တက်ရောက် နိုင်ကြောင်း Weekly Eleven တွင် ဖော်ပြထားပါသည်။

၁၃ . ၄ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats