Navigation - link to other main sections from here


လျှပ်စစ်မီတာ ထိန်းသိမ်း စောင့်ရှောက်ခ နှင့် ဒဏ်ကြေးများ တိုးမြှင့် သတ်မှတ်


လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ များမှ တပ်ဆင်ပေး ထားသော လျှပ်စစ် မီတာ များ၏ ထိန်းသိမ်း စောင့်ရှောက် ခနှင့် ဒဏ်ကြေး များကို ဧပြီ ၁ ရက်မှ စ၍ ပြောင်းလဲ သတ်မှတ် လိုက်ကြောင်း စုံစမ်း သိရှိ ရသည်။ အဆိုပါ သတင်း အပေါ် တောင်ဥက္ကလာပမြို့နယ် လျှပ်စစ် ဓာတ်အား ပေးရေး အဖွဲ့သို့ ဆက်သွယ် မေးမြန်း ခဲ့ရာ ယခင် လျှပ်စစ် မီတာ များ၏ ထိန်းသိမ်း စောင့်ရှောက် ခမှာ ကျပ် ၅၀၀ ဖြစ်ပြီး ယခုပြောင်းလဲ သတ်မှတ် လိုက်သည့် ထိန်းသိမ်း စောင့်ရှောက် ခမှာ ကျပ် ၁၀၀၀ ဖြစ်ကြောင်း သိရသည်။ “ မီတာထိန်းသိမ်း စောင့်ရှောက်ခ ၅၀၀ ကနေ ကျပ် ၁၀၀၀ ပြောင်းလဲ သွားတယ်။

ဧပြီလ ၁ ရက်ကစပြီး ပြောင်းတယ်လို့ သိရတယ်။ သုံးစွဲခ ယူနစ်တွေရဲ့ ကောက်ခံနှုန်း ထားတော့ မပြောင်းလဲဘူးလို့ သိရတယ်” ဟု မြို့နယ် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ တစ်ခုမှ မြို့နယ် အုပ်ချုပ်ရေးမှူးထံ ဆက်သွယ် မေးမြန်း ခဲ့သူ ၀န်ထမ်း တစ်ဦးက ပြောသည်။ ဒဏ်ကြေး တိုးမြှင့် သတ်မှတ် မှုမှာ ယခင်က တစ်လလျှင် ကျပ် ၁၀၀၀ အစား ကျပ် ၂၀၀၀ အဖြစ် လည်းကောင်း၊ နှစ်လလျှင် ကျပ် ၂၀၀၀ အစား ကျပ် ၃၀၀၀ အဖြစ် လည်းကောင်း၊ သုံးလလျှင် ကျပ် ၃၀၀၀ အစား ကျပ် ၅၀၀၀ အဖြစ် လည်းကောင်း တိုးမြှင့် သတ်မှတ် လိုက်ကြောင်း သိရသည်။ မီတာသုံးစွဲခ ယူနစ် နှုန်းထား များမှာ အိမ်သုံး မီတာများ တစ်ယူ နစ်လျှင် ၂၅ ကျပ်၊ လုပ်ငန်းသုံး မီတာများ တစ်ယူ နစ်လျှင် ၅၀ ကျပ်နှုန်းဖြင့် ကောက်ခံလျက် ရှိပြီး အိမ်သုံး မီတာဖြင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင် ပါက တစ်ယူနစ်လျှင် ကျပ် ၅၀ ကောက်ခံ ဆောင်ရွက်ကြောင်း အိမ်သုံး မီတာဖြင့် စားသောက်ဆိုင် ဖွင့်ထားသူ တစ်ဦးက ပြောသည်။ အသေးစိတ် အချက် အလက် များကို မြို့နယ် လျှပ်စစ်ရုံး များတွင် ကြေညာ ထားမည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၇ ရက်နေ့ ထုတ် News Watch ဂျာနယ်တွင် ဖော်ပြထာ ပါသည်။

၃ . ၄ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats